Tuesday, June 28, 2011

သူမ / ကျွန်တော်


သူမ

နှင်းဆီဖူးရောင်သုတ်လိမ်းထားတဲ့ ကျည်ဆံတစ်တောင့်နဲ့
ကင်ဒိုဓါးကိုင်ပြီးခုတ်မယ့်ဟန်ပြင်နေတဲ့ ဆာမူရိုင်းမလေးအသွင်
ကပိုကရိုကောက်ကွေးထားတဲ့ ဆံနွယ်လှိုင်း
ရင်ထဲကို လဲ့ပြာသက်ဆင်း
ငါ့ မြက်ခင်းကို နင်းသွားတဲ့သူ

ကျွန်တော်

ကြက်ခြေခတ်တွေပြည့်နေတဲ့ရင်အုံကြီးပါ
မထူမပါး လွမ်းတတ်တာကလွဲရင်
အနုပညာနဲ့စိတ်ကြိုက်ဖန်တီးခွင့်ရှိတယ်
ဘယ်လိုရာသီဥတုမျိုးကိုမဆို
စိတ်က ကတိမ်းကပါး တိမ်းမှောက်ချင်သူ

သီဟညိမ်း

1 comment:

  1. သိပ်လှတယ်... သူမ က ရဲ့ရင့်ထက်မြ၊ လှပပြီး ဆွဲဆောင်မှုအားကောင်းတယ်
    ကျွန်တော် လူအ ...။

    ReplyDelete