တစ်ခြမ်းတစ်ဖဲ့တစ်ဝက်
ရေမရောထားတဲ့ညနေခင်းတွေဆီမှာ
ပင်လယ်က ဒီဇင်ဘာဆန်ဆန်လွမ်းပြတယ်
လမ်းဆုံးရင်ရွာတွေ့ဆိုတဲ့စကားအတိုင်း
လမ်းပျောက်အောင်သွားခဲ့
တောင်တန်းတွေဖောင်းပိန်ရှူနေကြ
တိုက်တာအိုးအိမ်တွေက အချယ်အသတွေနဲ့
လမ်းတွေက ဖိနပ်တွေကို မထမ်းချင်တော့မှ
အမှောင်ကို အမှောင်က သိမ်းပိုက်
ညမွှေးပန်းမှာ အဆိပ်မပါဘူး
မပြိုင်မဆိုင်ပါဘဲ အပြိုင်အဆိုင်တွေပေါတယ်
ဝတ်ကြီးဝတ်ငယ်လောကဓံက
မယားငယ်လို နေထိုင်ပေါင်းသင်း
ဆက်ဆံခြင်းသဘောတရားများ
ခုတ်ထစ်ပြတ်တောက်ပြန်ဆက်
သေချာပြီဆိုရင် ရေမရောတဲ့အရက်တစ်ခွက်
ကမ္ဘာကြီးကို မြိုနေပြီဆိုတဲ့အကြောင်း
ကလိမ်ကကျစ်ကြားမှာပဲ
လိမ်ကာညာကာနဲ့
ကိုယ့်ကိုယ်ကို ပြန်ဖာထေးရ
ဘ၀ မာယာမျက်နှာဖုံးက
ဈေးနှုန်းတွေချိုချို
အဖိုးတန်ဆုံးပန်းတစ်ပွင့်
ရင်ထဲကို ကူးလူးပျံသန်း
မနက်ဖြန်တိုင်းမှာ
အပြုံးတွေလတ်ဆတ်ကြပါစိုရဲ့။ ။
သီဟညိမ်း
ရေမရောထားတဲ့ညနေခင်းတွေဆီမှာ
ပင်လယ်က ဒီဇင်ဘာဆန်ဆန်လွမ်းပြတယ်
လမ်းဆုံးရင်ရွာတွေ့ဆိုတဲ့စကား
လမ်းပျောက်အောင်သွားခဲ့
တောင်တန်းတွေဖောင်းပိန်ရှူနေကြ
တိုက်တာအိုးအိမ်တွေက အချယ်အသတွေနဲ့
လမ်းတွေက ဖိနပ်တွေကို မထမ်းချင်တော့မှ
အမှောင်ကို အမှောင်က သိမ်းပိုက်
ညမွှေးပန်းမှာ အဆိပ်မပါဘူး
မပြိုင်မဆိုင်ပါဘဲ အပြိုင်အဆိုင်တွေပေါတယ်
ဝတ်ကြီးဝတ်ငယ်လောကဓံက
မယားငယ်လို နေထိုင်ပေါင်းသင်း
ဆက်ဆံခြင်းသဘောတရားများ
ခုတ်ထစ်ပြတ်တောက်ပြန်ဆက်
သေချာပြီဆိုရင် ရေမရောတဲ့အရက်တစ်ခွက်
ကမ္ဘာကြီးကို မြိုနေပြီဆိုတဲ့အကြောင်း
ကလိမ်ကကျစ်ကြားမှာပဲ
လိမ်ကာညာကာနဲ့
ကိုယ့်ကိုယ်ကို ပြန်ဖာထေးရ
ဘ၀ မာယာမျက်နှာဖုံးက
ဈေးနှုန်းတွေချိုချို
အဖိုးတန်ဆုံးပန်းတစ်ပွင့်
ရင်ထဲကို ကူးလူးပျံသန်း
မနက်ဖြန်တိုင်းမှာ
အပြုံးတွေလတ်ဆတ်ကြပါစိုရဲ့။ ။
သီဟညိမ်း
မိုက်၏ ။
ReplyDelete