Thursday, January 27, 2011

ချစ်သူဖတ်စာ ၂

တစ်နေ့တစ်နေ့
ယုံကြည်ခြင်းနယ်နိမိတ်ထဲ
အချစ်သင်္ကေတအလံဖြူလေး
ခိုင်မာစွာ လွင့်ပျံလို့ ။
ကျွန်တော့်ရင်ခွင်ထဲ
ပျိုးတဲ့စံပယ်ပင်လေး
သူမ ဆင်မြန်းရသလို
သူမ ထွေးပွေ့ထားတဲ့
ဓါတ်ပုံလေးကျွန်တော်
နွေးထွေးရပါတယ် ။
တစ်မျှော်တစ်ခေါ်ဝေးနေရလို့
အဆွေးလေးတွေလည်းအသံမြည်…
ဥသြငှက်ကလေး ကိုယ်ပါကွယ်
တစ်စာစာအော်မြည်နေရတာဟာ
ချစ်သူ ရောက်မလာသေးလို့ပါ ။ ။


သီဟညိမ်း

ချိုမြိန် ဒုက္ခ

အချစ်က
ချိုမြိန်ပါတယ်
ဒဏ်ရာတွေထုတ်ချင်းခတ်
ရင်ကွဲမတတ်လွမ်း
ဖမ်းယူထားတဲ့စိတ်အစဉ်
သူနဲ့တွေ့မှ ကြွေလွင့်ရတယ်
မြေကြီးကိုဝတ်
ကောင်းကင်ကိုခြုံ
မာယာဘုံကအချစ်
တစ်ရစ်ပြီးတစ်ရစ်…လွမ်းတယ် ။ ။


 သီဟညိမ်း