Tuesday, June 28, 2011

လမ်းဝေး


ငါက မှောင်မိုက်တဲ့ အလင်းနဲ့
လမ်းပေါ်မှာ တိတ်ဆိတ်နေတယ်
မင်းက ကျမ်းထူထူကြီးတွေဖတ်ပြီး
ယုတ္တိဗေဒကို လေ့လာနေတယ်
ငါ့အလုပ်က
ရင်ချင်းဆက်ဘာသာဗေဒ
မင်းအလုပ်က
လောကကိုဘောင်တွေခတ်ဖို့
ငါက စာကြီးပေကြီးဆို မဖတ်ချင်တဲ့
ခပ်ညံ့ညံ့ဦးခေါင်းတစ်လုံးနဲ့လူ
ငါ့မှာ အဓိပ္ပါယ်တွေ မရှိဘူး
ပညာတတ်ယဉ်ကျေးမှုလည်းမရှိဘူး
မျက်စိကျိန်းလောက်တဲ့
ဝင်းဝင်းလက်လက်လည်း မရှိဘူး
မင်းအချစ်ကို မျှော်လင့်မိတာကလွဲရင်
ငါဟာ အချိန်ရှိတိုင်း တိုက်စားခံနေရတဲ့
လုံးဝန်းတဲ့ သုညတစ်လုံး
အဆုံးမှာ နင့်မျက်ဝန်း
ကြွေလုဆဲ နှင်းဆီဖူး
ရူးရူးမူးမူးဖြစ်နေတာ
သုညကမ္ဘာတောင် ခြားတယ် ။ ။

သီဟညိမ်း


No comments:

Post a Comment