Tuesday, June 28, 2011

ရယ်သံ


သက်ပြင်းချသံကြားမှာပဲ
ကိုယ့်ကိုယ်ကို တံခါးပိတ်
တိတ်တဆိတ် အိပ်ခဲ့တယ်။

အိပ်မက်ကို ကတ္တီပါလိမ်း
ဆက်လျှောက်ရမယ့်ငါတို့လမ်းမှာ
လမသာတော့ဘူးတဲ့။

မေ့ပစ်လိုက်ဆိုတာနဲ့
အရာအားလုံးမေ့ပျောက်သွားမယ်ဆိုရင်
အားလုံး ငါ မေ့ထားချင်ပါတယ်။

တစ်ကြိမ်တစ်ခါပွင့်တဲ့တံခါး
ကံကြမ္မာဓါးတွေက ရက်ရက်စက်စက်
အိပ်မက်တောင်မှ သွေးချင်းနီတယ်။

ဘယ်လိုပြဇတ်မျိုးကမှ
ကံကြမ္မာကို ဒဏ်ခတ်လို့ရနိုင်မှာလဲ
ငါ့စိတ်ကူးလေး ကြိုးတုပ်ခံလိုက်ရတယ်။

ညီမလေးရယ်
ငါ့ဂြိုလ်စီးဂြိုလ်နင်းကိုက
ညံ့လွန်းပါတယ်
တကယ်ဆို
နက္ခတ်တွေမရွေ့ ပြောင်းမီ
နက်နက်ရှိုင်းရှိုင်း
ရေးခြစ်ကြပါစိုရဲ့။ ။

သီဟညိမ်း

No comments:

Post a Comment