တစ်စုံတစ်ခု ကွဲအက်တယ်ဆိုတာ
တစ်ခုခုက လာတိုက်လို့
ဒါမှမဟုတ်
တစ်ခုခုကို သွားတိုက်မိလို့
ရိုးရိုးလေး နိုင်သွားတယ်ဆိုရင်လည်း
ရိုးရိုးလေး ရှုံးနိမ့်သွားတာပါပဲ
အငိုအပြုံးခဏလေးပြောင်းလိုက်တာနဲ့
ဘ၀ကပြောင်းပြန်အချိုးကျသွားမယ်ဆိုရင်
မတူညီတဲ့နေရာမှာ ရင်ဘတ်တွေနာနိုင်တယ်
ပင်လယ်ရဲ့ငိုသံတွေကို အဖော်ပြု
မာယာရဲ့လှောင်ပြောင်သံတွေကို မသိခဲ့တော့
ရှုပ်ရှက်ခတ်တဲ့ လမ်းမကြီးပေါ်မှာ
ငါ လဲကျခဲ့တာ
အရာအားလုံးဟာ ကံကြမ္မာအတိုင်းပဲလား
ဘုရားသခင်ရဲ့အလိုတော်အတိုင်းပဲလား
ဆည်းလည်းရှိုက်သံမဟုတ်တောင်မှ
ရင်ခွင်ရှိုက်သံတော့ ပြန်ကြားယောင်ရမယ်
နောက်ဆုံးတော့လည်း
ကိုယ့်လျှာကိုယ် ဖမ်းဆုပ်ထားတာပဲ
ကောင်းပါတယ် ။ ။
သက်ထွန်းညိမ်း
တစ်ခုခုက လာတိုက်လို့
ဒါမှမဟုတ်
တစ်ခုခုကို သွားတိုက်မိလို့
ရိုးရိုးလေး နိုင်သွားတယ်ဆိုရင်လည်း
ရိုးရိုးလေး ရှုံးနိမ့်သွားတာပါပဲ
အငိုအပြုံးခဏလေးပြောင်းလိုက်တာနဲ့
ဘ၀ကပြောင်းပြန်အချိုးကျသွားမယ်ဆိုရင်
မတူညီတဲ့နေရာမှာ ရင်ဘတ်တွေနာနိုင်တယ်
ပင်လယ်ရဲ့ငိုသံတွေကို အဖော်ပြု
မာယာရဲ့လှောင်ပြောင်သံတွေကို မသိခဲ့တော့
ရှုပ်ရှက်ခတ်တဲ့ လမ်းမကြီးပေါ်မှာ
ငါ လဲကျခဲ့တာ
အရာအားလုံးဟာ ကံကြမ္မာအတိုင်းပဲလား
ဘုရားသခင်ရဲ့အလိုတော်အတိုင်းပဲလား
ဆည်းလည်းရှိုက်သံမဟုတ်တောင်မှ
ရင်ခွင်ရှိုက်သံတော့ ပြန်ကြားယောင်ရမယ်
နောက်ဆုံးတော့လည်း
ကိုယ့်လျှာကိုယ် ဖမ်းဆုပ်ထားတာပဲ
ကောင်းပါတယ် ။ ။
သက်ထွန်းညိမ်း
စကားလုံးတွေရဲ့ သိုသိုသိပ်သိပ် လေးနက်မှု ....
ReplyDelete