Monday, June 4, 2012

ကျွန်တော့်ရဲ့ သံစဉ်လေး

ပြေးသွားတဲ့မိုးတိမ်နောက်
ငါ မီးတိုင်မြှောက်ပြီး လိုက်ခဲ့ဖူးတယ်
ဗျိုင်းတစ်အုပ်က ခလုတ်တိုက်လို့
တိမ်တွေပေါ်ချော်လဲ
လေညှင်းက ဟားတိုက်ရယ်ပါလေရော ။

အဲဒီနေ့က
ကြယ်လေးတွေမလာခင်
ငါ ...
ရှက်ရှက်နဲ့ အိမ်ပြန်ခဲ့ရတယ် ။ ။

သက်ထွန်းညိမ်း

No comments:

Post a Comment