Monday, May 2, 2011

ထိချက်



စုန်ချည်ဆန်ချည် လောကကြီးထဲ
မျက်နှာမွဲလူငယ်တစ်ယောက်ရဲ့ခံစားချက်မျိုးနဲ့
အရိုးပေါ်အရေတင် ချွေးခြေမျက်စိကျနေရတယ်
လက်ခမောင်းခတ်သံကြားမှ နေရာရှာနေရတဲ့လူလို
တော်လဲသံတွေကြား တိုးဝင်သွားနေရ
အရှိန်ရလာပြီဆိုရင် နည်းနည်း တော့ရှောင်သွားမယ်
ဒီတစ်ဝိုင်းပြီးနောက်တစ်ဝိုင်း ကူးဖို့ဆိုတာ
တစ်ကျပ်ဆယ်ပြားနဲ့ရတော့တဲ့ ခေတ်မဟုတ်တော့
လော်လီအလှတွေနဲ့ ဘ၀ကိုရောင်းစား
ပန်းတိုင်း မလှဘူးဆိုမှတော့ ရောင်းဈေးကို လျော့လိုက်ကြပေါ့
ရှင်သန်ခြင်းတွေဝေေ၀ဆာဆာဖူးတော့မှ
အနာဂတ်ကို သတ်လိုက်တာ ဘယ်သူလဲ
ကြက်ခြေခတ်တွေကလည်း ရေမလောင်းပေါင်းမသင်ပါဘဲ
လူငယ်တစ်ယောက်ရဲ့ဘ၀ကို ပြဠာန်းတယ်
ပန်းကလေးတွေ ထုံထုံအီအီ
လောကနိမိတ်တွေဆီမှာ စုတ်ချက်ပြင်းပြင်း
မာယာတံတိုင်းအထပ်ထပ်ကာရံ
လမ်းမရှိတဲ့ လသာညတွေကို
အခွဲမခံရပါဘဲ ခြေဖ၀ါးတွေ နာနေခဲ့ရ
မျက်နှာတွေ ပွန်းပဲ့ခဲ့ရ
နှလုံးသားတွေ ယိုစီးခဲ့ရ
ဖိနပ်နဲ့လမ်း တစ်သားတည်း ဖြစ်အောင်
ဘယ်တုန်းကမှ မလျှောက်လှမ်းခဲ့မိဘူး မလျှောက်လှမ်းခဲ့ရဘူး
ငါးစာမချတတ်လို့ ငါးစာကို ဟပ်မိသူ
သောင်ပြင်တစ်လင်းမှာ ဖျတ်ဖျတ်လူးပေါ့။ ။

သီဟညိမ်း

No comments:

Post a Comment