Monday, May 2, 2011

ပေးစာ



စိတ်ပျက်လက်ပျက်လောကကြီးထဲ
ရင့်သီးခြင်းတွေက အားကုန်ပွင့်လို့
အထင်ကရ မျက်နှာတွေမှာလည်း
ဝေေ၀ဆာဆာပွင့်တာဆိုလို့
အသပြာသံတွေပဲ မြင်မြင်နေရ
ပုံသေနည်းမျက်နှာဖုံးတွေ
ငွေသံကြေးသံမျက်နှာဖုံးတွေ
အပြုံးတစ်စက်မာယာတစ်ဝက်မျက်နှာဖုံးတွေနဲ့
အနုပညာကိုခလုတ်တိုက်
သိပ်မိုက်တယ်ဆိုတာ မသိလေရော့သလား
လောင်မြိုက်ခြင်းဝေါဟာရမှာ
ဝီစီသံတွေပဲကြားနေရတယ်
ပေးရတဲ့ပွဲတွေများလာတော့
သွေးတွေပဲပွက်ပွက်ကျလာခဲ့
တစ်ပိုင်တစ်နိုင် ခံယူမှုနဲ့
ပိပိကျလာတဲ့လောကဓံမှာ
ငါ့အနုပညာတွေ သဘောင်္မှောက်ခဲ့ရတယ်
သူငယ်ချင်းရေ
ဘိုညိမ်းရေ
ဖောဖောသီသီပေးနိုင်တာဆိုလို့
ငါတို့ရိုးသားခြင်းပဲ ရှိတယ်မဟုတ်လား
ရိုးသားခြင်းကို ပါးပါးလှီး
အခွံကို ထုတ် အဆုတ်ကို သတ်နေကြတာ
ငုတ်တုပ်အရွယ်နှလုံးသားက
အပြုံးမပျက်ခံနေကြရတာ
မင်းလည်းအသိ ငါလည်းအသိပေါ့
ကဗျာကို နွားငတ်ရေတွင်းကျသောက်
မက်လောက်စရာတောင်မရှိတဲ့င၀ိုင်းမှာ
နာမည်ကြီးတွေကွန်းခိုဖိုတော့
အိမ်ခြံမြေယာတွေက အဆင်သင့်သတဲ့
သူငယ်ချင်းရေ
ဘိုညိမ်းရေ
ငါတို့လမ်းကို ငါတို့သွေးလို့
ငါတို့ခြေထောက်ကို ငါတို့ထမ်းထားကြစို့ရဲ့
တစ်ခါတစ်လေ
အိပ်မက်တွေခြောက်တိခြောက်ချက်ဖြစ်လို့
အမှိုက်စလေးတစ်စလွင့်လာတယ်ဆိုရင်
အဲဒါ ငါလို့ ထင်လိုက်ပါ။ ။

သီဟညိမ်း

No comments:

Post a Comment