Sunday, April 24, 2011

နေညိုချိန်အတွေး



ကြယ်စင်တွေသိမ်းပိုက်မှုနဲ့
အိပ်မက်တွေရာထောင်ချီပွင့်ဖို့
အပြင်းထန်ဆုံးအလင်းတန်းတွေ
ဝေပြလိုက်စမ်းပါ
ကြွေကြွေဝေေ၀ပေါ့
နေမခတဲ့ပန်းဆိုတာ
အနမ်းနဲ့ထိုက်တန်ပါ့မလား
လောကအလှဆိုတာ
သဘာဝတရားကို ထုဆစ်
ချစ်ခြင်းနဲ့သာ ဖူးပွင့်တယ်
ညီမလေးရေ...
ရင်ခွင်တစ်ခုလုံး
တေဇောမီးလောင်ကျွမ်းအောင်
ဘယ်ကမ္ဘာမှာများ မင်းဆုတောင်းခဲ့လဲ
အခြယ်အသတွေနဲ့
မြေအကြွခြေလှမ်းလေး
ငေးရင်း ကျန်ခဲ့တဲ့ သူက ငါပါ
မတတ်သာလို့ ခွေယိုင်တွေး
မအေးနိုင်လို့ ငြိမ်ငြိမ်နေ
တိမ်နေတဲ့ရင်ဘတ်က
ခုဆို လမ်းလျှောက်တတ်နေပြီ
အရွေ့ တစ်ခုရဲ့အင်အားမှာ
ခြေလှမ်းတစ်ခုလိုမယ်ထင်ပါ့
ဒီလိုဆို အဆမတန်
ပြင်းထန်လိုက်စမ်းပါ
နေခြည်တစ်ထွေးနဲ့
ဟိုဘက်ကမ်းကို ကူးပါရစေလား။ ။

သီဟညိမ်း

No comments:

Post a Comment