Sunday, April 24, 2011

စိုးရိမ်ရေအမှတ်

ဘ၀ရဲ့နှောင်ဖွဲ့ခြင်းထဲ အငွေ့တွေထလောင်ကျွမ်းတယ်
လက်ပစ်ကူးရင်းနဲ့ ပစ်စက်လက်ခတ်လွင့်လိုက်တော့
၃၅လမ်းမှာ မိုးတွေသည်းလို့
အဝေးကခံစားမှုမြို့ ပြလေးကို ရောက်သွားတဲ့သူ
ဘယ်စကားသံမှ နားဝင်မချိုနိုင်လောက်အောင်
ထစ်ချုန်းမိုးတွေက ရင်ခွင်ထဲတိုးတိုးဝင်သွား
ဒီလောက်ဆို မိုးရာသီဆိုတာ သူ့အတွက်
ဦးဦးဖျားဖျား ပွင့်လိုက်တဲ့လွမ်းစရာ့အချစ်တစ်
ခု
ခြိမ်းလိုက်တိုင်းမျက်တောင်လေး
တစ်ဖျတ်ဖျတ်နဲ့
တစ်ဘက်တည်းထောက်ထားတဲ့ဘီးကလေး
လေမိုးနဲ့ရောပြီးအထီးကျန်ဆန်ေ
နတယ်
အတင်းဖက်တွယ်ကုပ်ကပ်ထားတဲ့အရာေ
လးတစ်ခု
ခိုးလိုးခုလုဖြစ်နေလိုက်ပုံများ အိပ်မက်ထဲထိဆွဲငင်နေတုန်းပဲ
့ဆိုလိုတာက မျက်ဝန်းနှစ်ခုချည်နှောင်လိုက်
တဲ့အခါ
ပွင့်ဖတ်တွေမကြွေကြနိုင်ဘူးလို့ ခင်ဗျားပြောနိုင်ပါ့မလား
တကယ်က ပြီးဆုံးသွားတာမဟုတ်ဘူး
အစကို ရေးဖို့ ၀ လုံးလေးကို အသက်သွင်းခဲ့မိတာ
အဲဒီဝလုံးလေးမှာ တစ်ဦးက အခြားတစ်မြို့ ကို ထွက်ခွာသွားသူ
တစ်ဦးက အခြားနောက်တစ်မြို့ ကို လွင့်သွားရတဲ့သူ
အထီးကျန်မြို့ လေးမှာ အထီးကျန်ဘီးလေးက
မန္တလေးတောင်ကြီးကို ဦးခိုက်
သူတို့နှစ်ယောက် ဘယ်တော့များမှ ပြန်ဆုံနိုင်ပါ့မလဲလို့ တွေးနေလေရဲ့ ။ ။

သီဟညိမ်း


No comments:

Post a Comment